Saturday, 26 October 2013

အို တဏှာ သူ့ရယ်ကြောင့်


လိုချင်နေတဲ့ စိတ်
စွဲလန်းနေတဲ့ စိတ်
တမ်းတနေတဲ့ စိတ်တွေ
မပျောက်သေးသရွေ့
ကျွန်ုပ်တို့ ပင်ပန်းနေရဦးမှာပါပဲ။
ဆင်းရဲ နေရဦးမှာပါပဲ။

ဘာကြောင့်လဲ ဆိုရင်....
လိုချင်တော့ ရှာရတယ်
ရှာရတော့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်း ဆိုင်ရာ ဆင်းရဲတယ်
မရပြန်တော့ ဒေါသထွက်ရပြန်တယ်
ဒေါသထွက်တော့ ထပ်ပြီး ပင်ပန်းရပြန်တယ်။
ဒီလိုချင်တဲ့ စွဲလန်းတဲ့စိတ်ကပဲ
ကျွန်ုပ်တို့ကို ဒုက္ခပေးနေတာပါ။

တကယ်တော့
လိုချင်တာကို အပြစ်တင်လို့ မရပါဘူး
ကိုယ်သန္တာန်မှာကိုက တဏှာအစွဲအလန်းက ပွဲကြမ်းနေပြီးသား ဖြစ်နေတာကိုး
ရဟန္တာ မဖြစ်သေးသမျှ လိုချင်မှုကို အရောင်ပြပြီး
အခိုင်းခံနေရဦးမှာပါပဲ။

လိုချင်တာဟာ အပြစ် မဟုတ်ပါဘူး
လိုချင်တဲ့စိတ်ကို မပယ်နိုင်သေးတာက အဓိက အပြစ်ပါ။
မပယ်ချင်သေးတာကလဲ တစ်မျိုးပါတာပေါ့။

No comments:

Post a Comment