Saturday, 26 October 2013

ဘ၀က ဖန် ငန် စပ်

ဘ၀ရဲ့ ခါးသီးခြင်းတွေကို မျိုသိပ်
ငါ ကြိတ်မှိတ်ကာ နေခဲ့ဖူးတယ်။
ဘ၀ရဲ့ ချိုမြိန်ခြင်းတွေကိုလည်း
သိုသိပ်စွာ ခံစားခဲ့ဖူးတယ်။


ခုတော့......
တစ်ခါတစ်ရံ ဖန်တယ်
တစ်ခါတစ်ရံ ငန်တယ်
တစ်ခါတစ်ရံ စပ်တယ်၊

ဒါပေမယ့်.....
ဘ၀ဟာ ဘ၀ပါပဲလို့
အခါခါ တွေးရင်း
ငေးမော လာခဲ့တာ

ဘ၀ တစ်ဆစ်ချိုးခဲ့ပေါ့။

ဒါတောင်
ဘ၀က အမော မပြေသေးဘူး
အဟော ၀တ
သြော် အံသြစရာ ကောင်းလိုက်တာ။


ဒါဟာ.......
ရှင်သန်နေတဲ့ ငါ့ဘ၀လား
ရုန်းကန်ခြင်းတဲ့လား
အမေပြောတာ ကြားဖူးတာက
ဘ၀က အမောပြေစေတယ်တဲ့
အင်းပေါ့လေ....
ဘ၀တစ်ခု အစပြုခဲ့မိပြီ ဆိုတော့
အဆုံးတိုင် လျှောက်ရတော့မှာပေါ့။

No comments:

Post a Comment