“မိုး စနေ လေ ရာဟု” ဟုဆိုရိုးရှိသည်။မိုးရိပ်တိမ်တောင်များသည် များသောအားဖြင့် တောင်အရပ်ကလာ တတ်သည်။လေပြင်းများသည် ရာဟုထောင့်လာတတ်သည်။
ထိုအဆိုကို ပြင်၍ဆိုရသည့် မိတ်ဆွေတစ်ဦးရှိသည်။ မိုး စနေ လေ ကိုစိတ်ဟု အမည်ပေးခြင်းခံရသည့် ဦးစိတ္တရဖြစ်သည်။ မန်းမြို့၊ သာသနာ့ တက္ကသိုလ်၊ အဆောင်( ၂) တွင် အတူတူနေကြသည်။
မွန်းတည့်၊ သန်းခေါင်း၊ အမှောင်၊ အလင်း၊ လူရှင်း၊ လူရှုပ်မဟူ စကားထူ၏။

ထို့သို့ လေထော လေပေါသောကြောင့် လေ ကိုစိတ်ဟု ခေါ်ကြသည်။
မိမိ မှာ သူလောက် လေပေါစရာမရှိသော်လည်း ကျောင်းပိတ်ရက်နေ့များတွင် ကုသိုလ်တော်ဘုရားဝင်းသို့
သွားပြီး စာကျက်ရင်း ပန်းကောက်ကာ ဘုရားတင်ပူဇော်ကြသည်။
တစ်နေ့သော် ၀ါဆိုမိုးဦးသည် ပြင်းပြင်းထန်ထန်ရွာသည်။ မိုး အစဲကိုစောင့်နေရင်းကျောင်းတံခါး ပိတ်ချိန် နီးလာသည်။
ဤသို့ဖြင့် မိုးရွာကြီးထဲ အဆောင်သို့ ပြန်ခဲ့ကြသည်။ အဆောင်ရောက်ခါနီး ဆွမ်းစားဆောင်ရှေ့ရှိ

ရေတံလျောက်အောက်ဝင်ပြီး မှောင်နှင့်မည်းမည်း ရေချိုးလိုက်သေးသည်။
တိတ်တဆိတ်ဖြင့် ပျော်စရာကောင်းသည်။
အဆောင်ရောက်ချိန်တွင် မေးခိုက်ခိုက်တုန်နေပြီ။ ထိုညက မိုးအေးအေး ကွေးလို့ကောင်းကောင်းဖြင့် တစ်ရေးမျှပင် မနိုးခဲ့။
......................
..........................
နောက်နေ့မနက်စာသင်ခန်းတွင် သတင်းတစ်ခုထွက်နေသည်။ ကျောင်းထိုင်ဘုန်းကြီးကျောင်းနှင့်မျက်နှာ

ချင်းဆိုင်ကုသိုလ်တော်ဘုရားရှေ့ရှိ ရေကန်တွင် တက္ကသိုလ်က ဦးဇင်းများ ညမှောင်မှောင်ရေ ကူးကြောင်း သတင်း ဖြစ်သည်။ ထိုကိုယ်တော်များကို စစ်ဆေးလိမ့်မည်ဖြစ်ကြောင်းသတင်းထူးဖြစ်သည်။
မိုးစနေ လေ ကိုစိတ်စကားကို အကျယ်ကြီးမပြောနိုင်တော့။
"မောင်ဉေ ယျရေ ..၊ တို့ ဆွမ်းစားဆောင်ရေတံလျောက်ရေချိုးတာများ သူများမြင်သေးလား။
တော်ကြာသူများမြင်သွားလို့တို့ကိုပါ ရောပြီးစစ်နေရင် ခက်ကုန်လိမ့်မယ်."
ထိုအတော အတွင်း" လေ ကိုစိတ်" တိတ်ဆိတ်လွန်းနေသည်။
မိမိမှာမူ ရင်တထိတ်ထိတ်ဖြင့်..။

No comments:
Post a Comment