(လူသားအားလုံးအတွက်)
ကမ္ဘာကြီးက သင့်ကို ဘာပေးမလဲ ဆိုတာထက်
ကျွန်ုပ်တို့က ကမ္ဘာကြီးအတွက် ဘာတွေ ပေးဆပ်ကြမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။
(သား,သမီးများအတွက်)
မိဘတွေက ငါတို့ကို ဘာတွေ လုပ်ပေးမလဲ ဆိုတာထက်
ငါတို့က မိဘတွေအတွက် ဘာတွေ ပြန်လုပ်ပေးနိုင်မလဲ၊
ကျေးဇူးတွေ ဘယ်လို ပေးဆပ်ကြမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။
(မိဘများအတွက်)
ငါတို့ သားသမီးတွေ ဘယ်လောက် တော်လာပြီး ဘယ်လောက် စွမ်းဆောင်နိုင်မလဲ ဆိုတာထက်
သူတို့ ဘ၀တစ်လျှောက် လမ်းမမှားအောင် ဘယ်လို သင်ပြနည်းလမ်းပေးကြမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။
(ဆရာများအတွက်)
တပည့်တွေ ဂုဏ်ထူးတွေ တစ်သီးကြီးနဲ့ အောင်မြင်အောင် သင်ပြပေးဖို့ထက်
သူတို့တွေ ဘ၀မမှောက်အောင် ဘယ်လို ဆက်လျှောက်သင့်တယ် ဆိုတဲ့
အတွေးကိုသာ လမ်းပြဖော်ဆောင်ပေးဖို့
စဉ်းစားကြပါစို့။
(တပည့်များအတွက်)
ဆရာတွေက ငါတို့ကို အောင်မြင်အောင် ဘယ်လို သင်ပြပေးမလဲ ဆိုတာထက်
ငါတို့တွေ ဘယ်လို လေ့ကျင့်ပြီး ကျေနပ်အောင် ဘယ်လို စွမ်းဆောင်ပေးမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။
(ရဟန်းတော်များအတွက်)
သာသနာတော်က ငါတို့ကို ဘယ်လို အထောက်အကူ ဖြစ်မလဲ ဆိုတာထက်
သာသနာတော်အတွက် ငါတို့ ဘယ်လို ထောက်ပံ့သွားမလဲ၊
ဘယ်လို သာသနာပြုသွားမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။
(မြန်မာဇာတ်ကားတစ်ကားကို ကြည့်ရင်း တွေးမိ ခံစားမိတာလေးတွေပါ။
ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါသည်။ ချမ်းမြေ့ကြပါစေ။ ကျွန်ုပ်
ချမ်းမြေ့ပါ။)
No comments:
Post a Comment