Tuesday, 29 October 2013
Monday, 28 October 2013
သတ်ပစ်ဖို့၊ သေကြောင်းကြံဖို့ မကြိုးစားပါနဲ့.
 အကြီးအကဲ(ဘုရင်/မင်း/သမ္မတ) လုပ်သူဟာ 
 လိမ်တယ်ဆိုရင်
 အမှန်တရားကို သတ်ပစ်လိုက်တာပဲ။
 အမှန်တရားကို သတ်ပစ်လိုက်တာဟာ 
 ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့ အတူတူပဲ။
ရာဇာ နာမ မုသာဝါဒံ ကရောန္တော ဓမ္မံ ဟနတိ၊
သော ဓမ္မံ ဟနိတွာ သယမေ၀ ဟညတိ။
 
(ဒေ၀ဒတ်လောင်းကို ဘုရားလောင်း ကပိလရသေ့က ပြောသောစကား)
(စေတိယဇာတ်၊ ဋ္ဌ၊၃၊ ၄၃၃။)
သော ဓမ္မံ ဟနိတွာ သယမေ၀ ဟညတိ။
(ဒေ၀ဒတ်လောင်းကို ဘုရားလောင်း ကပိလရသေ့က ပြောသောစကား)
(စေတိယဇာတ်၊ ဋ္ဌ၊၃၊ ၄၃၃။)
Sunday, 27 October 2013
''ရင်ခုန်မိတာ အပြစ်လား''
ဒီနေ့က
တိတ်ဆိတ်တဲ့ ညလေးတစ်ညပေါ့။ လေပြေက ခပ်သွေးသွေး၊ လရောင်က ညအမှောင်ကို
ဖြတ်ပြေးနေတော့ ကျွန်မဘ၀အတွက် 'အမှတ်တရ ည'လို့ ဆိုရမှာပေါ့…ရှင်။ အဲဒီထက်
ပိုလွမ်းစရာ ကောင်းတာက ကျွန်မကို ပေးခဲ့တဲ့ တစ်သိန်းတန်  ပုလဲသွယ် လည်ဆွဲလေးလေ။ မောင်တော်က
ချစ်သက်လက်ဆောင်အဖြစ် ပေးခဲ့တာ။ အဲ..လေ.. ကျွန်မ 'ရင်ခုန်သံ မှားခဲ့တာလား' ဆိုတာကိုတော့
ကျွန်မကိုယ်တိုင် မသိခဲ့တာ အမှန်ပါ။ ကျွန်မက တိတ်တခိုး ချစ်နေမိလို့လေ။
(၁)
ကျွန်မက
ကိသာဂေါတမီပါ။ သိဒ္ဓတ်မင်းသားရဲ့ ဘထွေးတော် သမီးပေါ့။ မောင်တော်သိဒ္ဓတ်နှင့်
မောင်နှမ တစ်ဝမ်းကွဲ တော်တယ်လေ။ အင်း… ပြောသာ ပြောရတာ ကျွန်မကို လူတွေက သိပ် သိကြမှာ
မဟုတ်ပါဘူး။ အများက အမတော် ယသော်ကိုပဲ အာရုံထားနေကြမှာပါ။ အမက သိပ်ချော သိပ်လှ၊
မောင်တော်သိဒ္ဓတ်ရဲ့ ဘ၀ကြင်ဖော်လည်း ဖြစ်နေတာကိုး။
ကျွန်မကလည်း ခေသူတော့
မဟုတ်ပါဘူး။ ကဗျာ လင်္ကာတွေ အလွတ်တမ်း စပ်ဆိုနိုင်တဲ့သူပါ။ ရုပ်ရည်အနေနဲ့လည်း အမတော်
ယသော်ကို မယှဉ်နိုင်ပေမဲ့ မျိုးရိုးအလှ ရှိပြီးသားပါ..ရှင်။  နန်းတွင်း အဆိုရှင်တစ်ဦးရဲ့ ဘ၀ဟာ မောင်တော်သိဒ္ဓတ်နဲ့
ဝေးနေပြီးသားပါ။ ဒါပေမဲ့ မိန်းမသားတို့ ဘာဝ တိတ်တခိုးနဲ့ ချစ်မိုးဆွေခဲ့ရတာ
မောင်တော်သိဒ္ဓတ် နန်းတက်ပြီးတာတောင်မှ မစဲသေးပါဘူး။ မောင်တော်ကို မြင်တိုင်း
ရင်ခုန်လှိုင်တွေ အတိုင်းသား ကြားနေရဆဲပါ။
(၂)
တစ်နေ့
မောင်တော်သိဒ္ဓတ် ဥယျာဉ်က ပြန်လာတာကို ကျွန်မ တစ်ပင်တိုင် နန်းပြာသာဒ်ပေါ်ကနေ
လှမ်းမြင်နေရတယ်။ အို….ဒီနေ့ မောင်တော်ကို ကြည့်ရတာ သိပ် ကျက်သရေ ရှိတာပဲ။ အရင်နေ့တွေနဲ့
လားလားမှ မတူတာ။ ဒီတစ်ခါ နှလုံးခုန်မှားတာ မဟုတ်လောက်ဘူး။ ရင်ထဲကို တကယ်
ငြိမ်းအေးစေ တဲ့ ချစ်ခြင်းရယ်ပါ။ အဖြူပေါ် အမည်းတစ်စက်တော့ ကွက်မိလိုက်ပြီ….ရှင် ။
စိတ်ထဲမှာ ဘယ်လိုမှ ထိန်းမရတော့ဘူး။ အလိုလို လျှံထွက်လာမိတာပါ။ အို….မောင်တော်ရယ်……..မောင်တော့်ကို
မြင်ရတာ ငြိမ်းချမ်းလိုက်တာလေ… တကယ်ပါပဲ။ ကျွန်မက အဆိုကောင်း အသံကောင်း
ဆိုတဲ့အတိုင်းပဲ နှုတ်ကနေ လွှတ်ခနဲ ထွက်သွားမိတယ်….။ 
''အို…သယ်ချင်းမတို့…
ဒီလို
အတုမရှိတဲ့သားရဲ့ သားကောင်းမိခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို
အတုမရှိတဲ့သားရဲ့ သားကောင်းဖခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို
အတုမရှိတဲ့လင်ယောက်ျားရဲ့ လင်ကောင်းဇနီးဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း
(ငြိမ်းအေးလေစွ)"
ဒီလိုစကားတွေ
ကျွန်မနှလုံးသားထဲက မတောင်းဆိုဘဲ ဖြစ်ပေါ်သွားမိတာ ကျွန်မကိုယ် ကျွန်မ အံ့သြမိတယ်….ရှင်။
တကယ်ပါပဲ။
(၃)
ဒီစကားကို
ဥယျာဉ်ကနေ နန်းတော်ကို ပြန်လာတဲ့ မောင်တော်သိဒ္ဓတ်
 မြင်းပေါ်ကနေ ကြားမိသွားတယ်
ထင်ပါရဲ့။ ကျွန်မ ရွက်ပုံးအပျော်လေး
 ပျော်ဝင်ခဲ့မိတယ်။ သိပ်…မကြာလိုက်ပါဘူး။
ကျွန်မ ထင်တဲ့အတိုင်းပဲ။ ကိုယ်လုပ်တော် တစ်ယောက် ကျွန်မထံ အပြေးအလွှား
ခစားဝင်လာပြီး သိပ်လှတဲ့ တစ်သိန်းတန် ပုလဲသွယ် လည်ဆွဲလေး လာပေးတယ်။ ကျွန်မ
နှုတ်ကနေ လွှတ်ခနဲ ''အို..ဒါ မောင်တော်သိဒ္ဓတ် အမြဲ စွဲထားတဲ့ လည်ဆွဲလေးပါ. .လား''ဆိုပြီး
ချစ်ရှက်ကလေး တစ်ချက် ဖြတ်သန်းသွား 
 မိတယ်။ နောက်မှ သတိထားမိပြီး
ကိုယ့်နှုတ်ခမ်းလွှာကို ကဗျာဆန်ဆန် လက်ကနေနဲ့ ခပ်ဖွဖွလေး အုပ်လိုက်မိတယ်။
  ''အင်းပေါ့လေ…။
ဖြစ်နိုင်တာပေါ့.. သေချာပါတယ်လေ။ အမတော် ယသော်က ဒီနေ့ပဲ သားတော်လေး ဖွားမြင်ခဲ့တာ။
သားတစ်ယောက်မိခင် ဖြစ်နေပြီလေ။ ငါက အပျိုစင်လေး ဆိုတော့…အဟိ…။ မောင်တော်က သိပ်
ခန့်ငြားသလို ဟန်ဆောင်လည်း အရမ်းကောင်းတာပဲ။ 
ကြည့်ပါလား…နှစ်သက်တယ်ဆို
ဒီလောက် ဖြစ်ပြစရာ မလိုပါဘူး။ ကျွန်မက မဆွတ်ခင်က ညွတ်ပြီးသားပါ၊ မချွေခင်က
ကြွေပြီးသားပါ…ရှင်။ မောင်တော် သိဒ္ဓတ် ငါ့ကို နှစ်သက်မြတ်နိုးလို့ ခုလို သူ့ရဲ့လည်ဆွဲလေး
ပေးခိုင်းတာ။ ချစ်သက် လက်ဆောင်လေး ပေါ့..နော်။''
(၄)
အဲဒီလိုမျိုး
ကျွန်မတစ်ယောက် ညတစ္ဆေ ချောက်ခံနေရသလို လည်ဆွဲလေးကို ပွတ်လိုက်၊ ရင်ထဲက စကားသံတွေ
ချွေလိုက်နဲ့ မိုးလင်းသွားတာတောင် မသိလိုက်ဘူး။ အိပ်ယာက နိုးတော့
နန်းတော်တစ်ခွင်လုံး ဆူညံနေလိုက်တာ ရှင်။ ဒါနဲ့ ကျွန်မလည်း အပြေအလွှား
နားစွင့်လိုက်တယ်။ ''အို…မောင်တော်က လူ့ဘောင်စွန့်ပြီး တောထွက်သွားတယ်  ဆိုပါလား…။'' ကိုယ့်နားကိုတောင် မယုံချင်ဘူး။
ညက အဖြစ်က အိပ်မက်လေလား…၊ တစ္ဆေလား…ပေါ့။ ကျွန်မ မသိချင်တော့ဘူး၊
မခံစားနိုင်တော့ဘူး..ရူးချင်လိုက်တာ…ရှင်။ ကျွန်မ ပေါင်းဖက်ဖို့
မမျှော်လင့်ပါဘူး။ နီးစပ်ဖို့လည်း မတောင်းဆိုရဲပါဘူး။ အရင်ကလို အဝေးကနေ
ဆွေးခွင့်ရရုံလေးပါ။ အနားမှာ ခစားရရုံ သက်သက်လေးပဲ ရချင်တာပါ။ မောင်တော်ရယ်…နန်းတော်မှာ
အပျော်တွေ ပါးသွားလို့လား…။ ကျွန်မ အသံတွေ ကျီအာသံလို ဟန်မကျ ဖြစ်နေလို့လား… ရှင်။ နန်တော်မှာ
မောင်တော် မရှိတော့ဘူးဆိုတဲ့ အသိက ကျွန်မတင် မကပါ ဘူး။ နန်းတွင် နန်းပြင်
မိုးမြေတစ်ခွင်လုံး အထီးကျန်သွားခဲ့တာ မောင်တော် မသိ ကျိုးကျွန် ပြုလိုက်တာလား…။
ရက်စက်လိုက်တာ မောင်တော်..ရယ် လို့
 ပြောမထွက်သလို အမှန်တရားအတွက် ကြင်နာတဲ့ အဖြစ်အပျက်တွေ
 ပေးသွားတယ်ရယ်လို့လည်း မှတ်ချက် မပေးရက်ပါဘူး..ရှင်။ မောင်တော်ကို
အမြဲ နားလည် ပေးနေသူပါ။
(၅)
နောက်မှ
ကြားသိရတာက မောင်တော်သိဒ္ဓတ် ကျွန်မကို ပေးတဲ့လက်ဆောင်က သူ့ကို တောထွက်ဖြစ်အောင်
လမ်းညွှန်ပေးလို့ "ဆရာခ''အဖြစ်တဲ့…လေ။
 ကောင်းကြသေးရဲ့လား..။ ခုတော့ ''မုဆိုးမ
သွားရာ မိုးလိုက်လို့ ရွာ" မဟုတ် 
တော့ဘူး။ တစ်ဖက်သတ် အဖြစ်ဟာ ဆိုးလိုက်တာ…နော်
လို့ အော်ဟစ်လိုက် ချင်တယ်…ရှင်။
 ကြည့်စမ်း..ကျွန်မ သီဆိုကျူးရင့်တဲ့ စကားကို မောင်တော် စဉ်းစားသွားပုံက
အံ့သြဖွယ်ပါ။ ကျွန်မ ရင်ကို တုန်လှုပ်သွားစေတယ်လေ။ ဘာတဲ့…."ဒီလို
ခန္ဓာကိုယ်အတ္တဘောကို မြင်ရသူ မိခင်၊ ဖခင်၊ ဇနီးတို့ဟာ ဘယ်လိုများ ငြိမ်းအေးတာလဲ..တဲ့။
အော် ငါ သိပြီ၊ ညီမလေး ကိသာ သိစေချင်တာက 'ရာဂမီး ငြိမ်းမှ၊ ဒေါသမီး ငြိမ်းမှ၊
မောဟမီး ငြိမ်းမှ၊ မာန ဒိဋ္ဌိစတဲ့ ကိလေသာပူ အားလုံး ငြိမ်းမှ ငြိမ်အေးတယ်'လို့
ဆိုလိုတာ ဖြစ်မယ်"..တဲ့။
သြော်
ကြီးကျယ်မြင့်မြတ်တဲ့ မောင်တော်ရယ်….အကြီးကြီး စဉ်းစားလိုက်ပုံများ။ ကျွန်မ ရင်ခုန်သံတွေ
အလွဲလွဲ အမှားမှား ဖြစ်ခဲ့ရ၊ တစ်ထောင့်တစ်ည ထင်ခဲ့ရ ပါဘိ..နော်။ ရင်ခုန်မိတာ
အချစ်လား…ရှင်၊
ကျွန်မ
ရင်ခုန်မိတာ အပြစ်များ ဖြစ်သွားပြီလား..ရှင်။
"ရင်ခုန်မိတာ
အပြစ်လား"
အချစ်မှာ
မျက်စိ မရှိ
တကယ်
သိပေမဲ့ 
ခုန်ခဲ့မိတယ်
ဒီရင်ထဲ
အကြင်နာ
ရက်က နှစ်ဆ ပိုကဲ။
နဂိုရ်ကတည်းက
ညွတ်ချင်
မဆွတ်ခင်က
ကြွေလုလု
ငါ
အခု ဖြစ်လိုက်ပုံများ
ပျော်ရမှာ…လား
ငိုရမှာ..လား၊
သြော်….ငါ့ဘ၀နှယ်
ကံဇာတ်
ငယ်လိုက်ပုံများ
အဝေးက
ဆွေးခွင့်လေးတောင်
ရက်ချိန်
မပေးလိုက်ရဘူး
အနီးကပ်
ဖူးခွင့်တောင်
အသိတစ်ချက်
မထပ်လိုက်ရဘူး။
မိကိသာ….ရေ
နင့်
ရင်ခုန်သံက
ကမ္ဘာတစ်ခြမ်း
လှမ်းနေပြီ
နင့်
အသည်းတစ်ခြမ်းက
အမြဲ
နွမ်းနေပြီ၊
အဖြူတစ်သက်မှာ
အမည်းတစ်စက်
ဖက်လိုက်သလို
နောက်ဆုံးတော့…..
တစ်လောကလုံးကို
အော် မေးလိုက်ပါရစေ…ရှင်
ရင်ခုန်မိတာ
အချစ်…လား
ကျွန်မ
ရင်ခုန်မိတာ အပြစ်လား…။  ။
မှီးငြမ်း။
။ ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊ ၃၂၈။ မှာ ပါရှိတဲ့ ကိသာဂေါတမီရဲ့
ရင်ခုန်သံကို ပြန်လည်ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ 
(မှတ်ချက်)
ကိသာဂေါတမီ (၃)ယောက် ရှိပါတယ်။
၁။
အထည်ကြီးပျက် သူဆင်းရဲမျိုးမှ မွေးဖွားလာတဲ့ ပိန်လှီတဲ့ဂေါတမီ (ကိသာဂေါတမီ)။
အများသိနေတဲ့သူပါ။ (အပဒါန၊ဋ္ဌ၊၂၂၄။)
၂။
ဘုရားရှင်၏ ဘထွေးတော် သမီး၊ မောင်နှမ တစ်ဝမ်းကွဲ၊ မင်းမျိုး ကိသာဂေါတမီ။ ယခု တင်ပြတဲ့သူပါ။
(ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊၃၂၈။)
၃။
တိဿဘုရားရှင်၏ မြတ်သောအလုပ်အကျွေးမ (အဂ္ဂုပဋ္ဌိကာ) ကိသာဂေါတမီ။ (ဗုဒ္ဓ၀ံသ၊၃၆၁။)
Saturday, 26 October 2013
တန်ဖိုး ကိုယ်စီ ရှိကြသည်
ဘာပဲ ဖြစ်နေဖြစ်နေ တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ တန်ဖိုး သိမှ တန်ဖိုး ရှိတယ် ဆိုပေမယ့် တကယ်တော့ တန်ဖိုး မသိလည်း လူ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုဟာ သူ့တန်ဖိုးနဲ့သူ ရှိနေတာပါပဲ။ 
 ၁။ ပကတိ တန်ဖိုး၊
 ၂။ အသုံးချတန်ဖိုး အသုံးကျတန်ဖိုး၊
၃။ ခံစားမှုတန်ဖိုး ဆိုပြီး (၃)မျိုး ရှိပါတယ်။
ဥပမာ............
၃။ ခံစားမှုတန်ဖိုး ဆိုပြီး (၃)မျိုး ရှိပါတယ်။
ဥပမာ............
၁။ ဘောလ်ပင်လေး တစ်ချောင်းဟာ ပကတိတန်ဖိုး အနေနဲ့ ၂၀၀လောက် တန်တယ်ဆိုပါစို့။ ဒါဟာ သူ့ရဲ့ ပကတိ တန်ဖိုးရှိတာပဲလေ။
၂။ အဲဒီဘောလ်ပင်လေးနဲ့ စာရေးပြီး အသုံးချလိုက်တဲ့အခါမှာတော့ ပိုပြီး တန်ဖိုးရှိလာပါတယ်။
၃။ အဲဒီဘောလ်ပင်လေးဟာ ကိုယ့်ချစ်သူစတဲ့ ကိုယ်မြတ်နိုးတဲ့သူတွေ ပေးထားတာဆိုပြီး ခံစားမှုတွေ ထည့်လိုက်မယ် ဆိုရင် တန်ဖိုး သိပ်မြင့်သွားပြီ။ တန်ဖိုးဖြတ်လို့ မရတော့ဘူး။
ဘယ်အရာမဆို တန်ဖိုးထားတတ်မယ်ဆိုရင် အမြတ်ချည်းပါပဲ။

ဘယ်သူကတော့ ကိုယ့်ထက် နိမ့်တယ်၊ မြင့်တယ်လို့ ပြောဆို ယူဆနေမယ့်အစား သူ့ကို တန်ဖိုးထား ဆက်ဆံနေဖို့ပဲ လိုတာပါ။ လူကို လူလို့ မြင်အောင် ကြည့်ပါ။ အရာဝတ္ထုကိုလည်း သေးငယ်နေပါစေ၊ ဘယ်လောက် အသုံးဝင်တယ် ဆိုတာကို အရင်ဆုံး နားလည် သိမြင်အောင် လုပ်ဖို့ပါပဲ။ 
“မျက်ရည်က အပူကို မငြိမ်းစေနိုင်ပါဘူး”
 ဇာတ်တော်အမည်က = ဒသရထဇာတ် (ဒသရထမင်းကြီး အမည်ကိုယူပြီး ဇာတ်အမည်ပေးထားတာပါ။)
ပစ္စုပ္ပန်အကြောင်းက = အဖေသေလို့ သောကမီးတောက်လောင်နေတဲ့ သူကြွယ်ကို အဓိက ဟောထား တာပါ။
 
အရင်က ဇာတ်လမ်းလေး (အတိတ် အကြောင်း)
ဗာရာဏသီပြည် ဒသရထမင်းကြီးမှာ ရာမ၊ လက္ခဏ သား(၂)ယောက်နှင့် သမီး သီတာ ဆိုပြီး (၃)ယောက်ရှိပါတယ်။ မိဖုရားကြီးက အစောကြီး ကွယ်လွန်သွားတော့ မင်းကြီးက နောက်ထပ် မိဖုရား တစ်ယောက် မြှောက်ပါတယ်။ “ဘရတ“ဆိုတဲ့ သားတစ်ယောက် ထွန်းကားပါတယ်။ မင်းကြီးက အဲဒီ သားလေးကို ချစ်လွန်းလို့ မိဖုရားကို “လိုရာဆု“ တောင်းခိုင်းတယ်။ သားအတွက် နန်းပေးဖို့ တောင်းတယ်။ မင်းကြီးက သားကြီးများ ရှိနေတဲ့အတွက်ကြောင့် မိဖုရားကို “နန်းဆု“ မပေးခဲ့ဘူး။
 
ဒါ့ကြောင့် မင်းကြီးက သားကြီး(၂)ယောက်ကို မိဖုရားက အန္တရာယ်ပြုမှာစိုးလို့ တောထဲ ထွက်သွား ခိုင်းပြီး (၁၂)နှစ်ကြာမှ ထီးနန်းလာသိမ်းဖို့ မှာလိုက်ပါတယ်။ ဒါနဲ့ “ရာမ၊ လက္ခဏ၊ သီတာ“တို့ သုံးယောက် လုံး ဟိမ၀န္တာတောထဲမှာ သွားနေကြတယ်။ (၉)နှစ်ကြာတော့ မင်းကြီး နတ်ရွာစံတယ်။ မိဖုရားက သားတော် “ဘရတ”ကို ထီးနန်းပေးအပ်ရန် တောင်းဆိုရာ အမတ်ကြီးများက သဘော မတူခဲ့ဘူး။ ဒီတော့ “ဘရတ“မင်းသားက အစ်ကိုကြီး “ရာမ”မင်းသားကို ထီးနန်းအပ်ရန် တောထဲ လိုက်လာပြီး ခမည်းတော် နတ်ရွာစံကြောင်း ပြောပြရင်း ငိုကြွေးပါတယ်။ လက္ခဏနဲ့ သီတာဒေ၀ီ တို့လည်း အဲဒီစကား ကြားပြီး မေ့လဲ သွားခဲ့ကြတယ်။ “ရာမ“မင်းသားကတော့ မငိုခဲ့ပါ။ “ငိုကြွေးလို့ ကျတဲ့ မျက်ရည်က သောကအပူကို မငြိမ်းစေ နိုင်ကြောင်း” ဘရတမင်းသားကို တရားသဘောများ ပြောပြခဲ့ပါတယ်။
 
“ငိုနေလို့ သေတဲ့သူ ပြန်ရှင်လာမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့် ကိုယ့်ကိုယ်ကို အပူမိအောင် လုပ်နေ ရမှာလဲ။ လူဆိုတာ သေမျိုးချည်းပါပဲ”။
 
“မှည့်နေတဲ့ သစ်သီးဟာ ကြွေကျရသလို ရှင်တဲ့သတ္တ၀ါတဲ့ သေရတာချည်းပါပဲ။ ဖြစ်ပြီးရင် ပျက်ရတာပါပဲ”။
 
“နေ့ခင်း မြင်တွေ့ရသူတွေဟာ ညရောက်ရင် ပျောက်သွားနိုင်တာပဲ။ ညတုန်းက တွေ့မြင်ရသူ ဟာလည်း မနက်ကျရင် တွေ့ချင်မှ တွေ့တော့တာပါ။ နေ့မြင် ညပျောက်၊ ညမြင် နေ့ပျောက်သဘော တွေပါ။“ တကယ်လို့ ကိုယ့်ကိုယ်ကို ဆင်းရဲ ပင်ပန်းခံပြီး ငိုလိုက်ရလို့ အကျိုးတစ်ခုခု ရှိမယ်ဆိုရင် ပညာရှိ တွေလည်း ငိုကြွေးကြမှာပေါ့။”
 
“ငိုနေတာဟာ စိတ်ဆင်းရဲတယ်။ ရုပ်ဆိုးတယ်။ အဲဒီလို ငိုလို့ တမလွန်ရောက်သူက ပြန်ရှင်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငိုတာဟာ အကျိုးမရှိပါဘူး။”
 
“ဘရတ..ရေ…၊ လူ(သတ္တ၀ါ)ဆိုတာ တစ်ယောက်တည်း လာပြီး တစ်ယောက်တည်း ပြန်သွားရတာပါ။ ဆွေမျိုးဆိုတာ ကြုံလို့ ပေါင်းနေကြရတာပါ။” ဒါ့ကြောင့် ဗဟုသုတရှိတဲ့ ပစ္စုပ္ပန် တမလွန်အကြောင်းကို ကောင်းကောင်းသိတဲ့ ပညာရှိဟာ စိတ်ဆင်းရဲ မခံပါဘူး။ ငါကတော့ ငို မနေပါဘူး။ အလှူ ပေးမယ်၊ ရာထူး အခြံအရံတွေ ပေးမယ်၊ စည်းစိမ်ဥစ္စာကိုလည်း သင့်သလို ခံစားမယ်၊ ဆွေမျိုးတွေနဲ့ ကျန်တဲ့ ပြည်သူတွေကို လည်း ပြုစုစောင့်ရှောက်မယ် လို့ သိတဲ့ပုဂ္ဂိုလ်ဟာ စောင့်ရှောက်ဖို့ မခဲယဉ်းပါဘူး” တဲ့။
 
အဲဒီနောက် ဘရတမင်းသားက မင်းပြုဖို့ ပြောရာ ရာမမင်းသားက လက်မခံဘဲ လက္ခဏတို့ သုံးယောက်ကိုသာ မင်းပြုခိုင်းပါတယ်။ သူကတော့ ဖခင်မှာတဲ့အတိုင်း (၁၂)နှစ်ကြာမှ ပြန်လာပြီး မင်းပြု မယ်လို့ မှာကြားလိုက်ပါတယ်။ ညီတော်တို့က မင်းမပြုဘူးလို့ ပြောတော့ ရာမမင်းသားက “သူရဲ့ မြက် ခြေနင်း(ဖိနပ်)လေးဟာ သူ လာတဲ့အထိ မင်းအဖြစ် ရပ်တည်ပေးလိမ့်မယ်“ လို့ ပြောပြီး ခြေထောက်မှ ခြေနင်းကို ချွတ်ပေးလိုက်ပါတယ်။ မောင်နှမသုံးယောက်ဟာ ဗာရာဏသီ ပြန်သွားပြီး မြက်ခြေနင်းကို ရာဇပလ္လင်မှာ မင်းအဖြစ် အသိအမှတ်ပြုလိုက်ကြပါတယ်။ ရာမမင်းသားကတော့ (၃)နှစ်ကြာမှ နေပြည် တော် ပြန်လာပြီး နှမတော် သီတာဒေ၀ီကို မိဖုရား မြှောက်ကာ အဘိသိက် ခံယူခဲ့ပါတယ်။
 
အတိတ်နဲ့ ပစ္စုပ္ပန် ပြန်ပေါင်းကြည့်ရင်
“ဒသရထမင်းကြီးက = သုဒ္ဓေါဓန။ မယ်တော်က = မာယာဒေ၀ီ။ ဘရတက = အရှင်အာနန္ဒာ။ လက္ခဏက = အရှင်သာရိပုတ္တရာ။ ရာမမင်းသားက = မြတ်စွာဘုရား” ပါ။
 
(မြန်မာနိုင်ငံ ဆဋ္ဌသင်္ဂါယနာတင် သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ်၊ ဇာတ်အဋ္ဌကထာ အတွဲ(၄) စာမျက်နှာ၁၂၆၊ ဒသရထဇာတ်တော်မှာ ပါတဲ့ “ရာမ၊ လက္ခဏ၊ သီတာ“တို့ အကြောင်းပါ။ ဗုဒ္ဓကျမ်းစာ စစ်စစ်က အလွမ်း အဆွေးကို ဦးစား မပေးပါဘူး၊ သောကပြေကြောင်း နည်းလမ်းကောင်းတွေပဲ ပေးပါ တယ်။ ဒါက ကိုယ်ကျင့်တရားပါတဲ့ ဒဿနတွေပါပဲ။)
 
(ဒီနေ့ခေတ် တို့သိနေတဲ့ “ရာမာယနဇာတ်တော်ထဲက မင်းဒဿလို လူ၊ မင်းဒဿလို လူ” ဆိုပြီး သီချင်းများတောင် ဖွဲ့ဆိုနေတဲ့ ရာမဇာတ်တော်ဟာ မြန်မာဇာတ်တော် မဟုတ်ပါဘူး။
ရာမယနဇာတ်ဟာ အိန္ဒိယပြည်က “၀ါလမိကိ“ဆိုတဲ့ စာဆိုကြီးရဲ့ လက်ရာပါ။ အာရှတခွင်ကို ပျံ့နှံ့သွားပြီး ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ စတဲ့နိုင်ငံတွေမှာလည်း ထွန်းကားခဲ့ပါတယ်။ ကျန်ုပ်တို့နိုင်ငံမှာ ဖျာပုံရာမ၊ အိုးဘိုရာမ၊ ပုဏ္ဏားရာမ၊ ပသျူးရာမ စသည်ဖြင့် ကြားဖူးပါတယ်။ မြန်မာပြည်မှာ ရာမဇာတ်ကို လက်ကုန်နှိုက်ပြီး လေ့လာထားသူအနေနဲ့ ဆရာဇော်ဂျီ တယောက်ပဲ ရှိပါတယ်။ တွဲဖက် လေ့လာသူကတော့ “ ကေ”ပါ။ ကလောင်အမည်ပါ။

ဘ၀က ဖန် ငန် စပ်
ဘ၀ရဲ့ ခါးသီးခြင်းတွေကို မျိုသိပ်
ငါ ကြိတ်မှိတ်ကာ နေခဲ့ဖူးတယ်။
ဘ၀ရဲ့ ချိုမြိန်ခြင်းတွေကိုလည်း
သိုသိပ်စွာ ခံစားခဲ့ဖူးတယ်။
ခုတော့......
တစ်ခါတစ်ရံ ဖန်တယ်
တစ်ခါတစ်ရံ ငန်တယ်
တစ်ခါတစ်ရံ စပ်တယ်၊
ဒါပေမယ့်.....
ဘ၀ဟာ ဘ၀ပါပဲလို့
အခါခါ တွေးရင်း
ငေးမော လာခဲ့တာ
ဘ၀ တစ်ဆစ်ချိုးခဲ့ပေါ့။
 
ဒါတောင်
ဘ၀က အမော မပြေသေးဘူး
အဟော ၀တ
သြော် အံသြစရာ ကောင်းလိုက်တာ။
ဒါဟာ.......
ရှင်သန်နေတဲ့ ငါ့ဘ၀လား
ရုန်းကန်ခြင်းတဲ့လား
အမေပြောတာ ကြားဖူးတာက
ဘ၀က အမောပြေစေတယ်တဲ့
အင်းပေါ့လေ....
ဘ၀တစ်ခု အစပြုခဲ့မိပြီ ဆိုတော့
အဆုံးတိုင် လျှောက်ရတော့မှာပေါ့။
ငါ ကြိတ်မှိတ်ကာ နေခဲ့ဖူးတယ်။
ဘ၀ရဲ့ ချိုမြိန်ခြင်းတွေကိုလည်း
သိုသိပ်စွာ ခံစားခဲ့ဖူးတယ်။
တစ်ခါတစ်ရံ ဖန်တယ်
တစ်ခါတစ်ရံ ငန်တယ်
တစ်ခါတစ်ရံ စပ်တယ်၊
ဒါပေမယ့်.....
ဘ၀ဟာ ဘ၀ပါပဲလို့
အခါခါ တွေးရင်း
ငေးမော လာခဲ့တာ
ဘ၀ တစ်ဆစ်ချိုးခဲ့ပေါ့။
ဒါတောင်
ဘ၀က အမော မပြေသေးဘူး
အဟော ၀တ
သြော် အံသြစရာ ကောင်းလိုက်တာ။
ဒါဟာ.......
ရှင်သန်နေတဲ့ ငါ့ဘ၀လား
ရုန်းကန်ခြင်းတဲ့လား
အမေပြောတာ ကြားဖူးတာက
ဘ၀က အမောပြေစေတယ်တဲ့
အင်းပေါ့လေ....
ဘ၀တစ်ခု အစပြုခဲ့မိပြီ ဆိုတော့
အဆုံးတိုင် လျှောက်ရတော့မှာပေါ့။
အို တဏှာ သူ့ရယ်ကြောင့်
လိုချင်နေတဲ့ စိတ်စွဲလန်းနေတဲ့ စိတ်
တမ်းတနေတဲ့ စိတ်တွေ
မပျောက်သေးသရွေ့
ကျွန်ုပ်တို့ ပင်ပန်းနေရဦးမှာပါပဲ။
ဆင်းရဲ နေရဦးမှာပါပဲ။
ဘာကြောင့်လဲ ဆိုရင်....
လိုချင်တော့ ရှာရတယ်
ရှာရတော့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်း ဆိုင်ရာ ဆင်းရဲတယ်
မရပြန်တော့ ဒေါသထွက်ရပြန်တယ်
ဒေါသထွက်တော့ ထပ်ပြီး ပင်ပန်းရပြန်တယ်။
ဒီလိုချင်တဲ့ စွဲလန်းတဲ့စိတ်ကပဲ
ကျွန်ုပ်တို့ကို ဒုက္ခပေးနေတာပါ။
တကယ်တော့
လိုချင်တာကို အပြစ်တင်လို့ မရပါဘူး
ကိုယ်သန္တာန်မှာကိုက တဏှာအစွဲအလန်းက ပွဲကြမ်းနေပြီးသား ဖြစ်နေတာကိုး
ရဟန္တာ မဖြစ်သေးသမျှ လိုချင်မှုကို အရောင်ပြပြီး
အခိုင်းခံနေရဦးမှာပါပဲ။
လိုချင်တာဟာ အပြစ် မဟုတ်ပါဘူး
လိုချင်တဲ့စိတ်ကို မပယ်နိုင်သေးတာက အဓိက အပြစ်ပါ။
မပယ်ချင်သေးတာကလဲ တစ်မျိုးပါတာပေါ့။
ဘယ်တော့မှ မမုန်းဘူး၊ ဘယ်တော့မှ မမေ့ဘူး
ပြည့်စုံခြင်း ဆိုတာလည်း ငါ့အတွက် မဟုတ်
ဖြေ မရွှင်နွမ်းလို့
ဒီကတ္တီပါ လမ်းမှာ
ကိုယ် ငိုက်စိုက်စိုက်နဲ့
ခြေရာ အထပ်ထပ် ကပ်
အသမား တက်အောင်
လျှောက်လှမ်းခဲ့ဖူးတယ်။
အသည်းတစ်ခု အတွက်
တွဲစုခို မျက်ရည် အပြည့်နဲ့
ငို...ခဲ့..ဖူးသလို
ဘ၀တစ်ခု အတွက်လည်း
အနု အလှ မပါဘဲ ယုယ ခဲ့ဖူးတယ်
ဒါ.......
ရုန်းကန်ခြင်း...လား
ရှင်သန်ခြင်း...လား
ဘာမှန်း မသိခဲ့ရဘူး။
ဘယ်လောက် ပန်းပန်း
ကိုယ် မနွမ်းခဲ့ဘူး
ဘယ်လို လျှောက် လျှောက်
ကိုယ် မမှောက်ခဲ့ဘူး
ဘယ်လို ခြောက်ခြောက်
ကိုယ် မကြောက်ခဲ့ဘူး
ဒါ......
အမေတက္ကသိုလ်)က ပေးတဲ့ ခွန်အား
အမေ(တက္ကသိုလ်) ပြောတဲ့ စကား။
တကယ် တွေးကြည့်တော့
ဒီရင်တွင်းမှာ အဖြေရှိတယ်
ဘာလိုပဲ ဖြစ်ဖြစ်
ကိုယ် သူ့(တက္ကသိုလ်)ကို မမုန်းခဲ့ဘူး
ဘယ်လောက် ဝေးဝေး
ကိုယ် သူ့(တက္ကသိုလ်)အပေါ် မအေးစက်ခဲ့ဘူး
ဘာ့ကြောင့် ဆူဆူ
ကိုယ် သူ့(တက္ကသိုလ်)ကို မငြူစူခဲ့ဘူး။
တစ်ချိ့က ပြောတယ်....
မင်း သိပ် စက်ရက်တယ်...တဲ့
ပြောထွက်လိုက်ကြတာ
တကယ်ပါ...
ကိုယ် မတွယ်တာမိဘူး
ခိုင်မာတဲ့ ကြိုးမျှင်လေးနဲ့ ချည်နှောင်ခံလိုက်ရတာ
ကိုယ် မသာယာမိဘူး
ဘာသိဘာသာ နဲ့ ရင်ခွင်(တက္ကသိုလ်)ပေါ် မှေးစက်သွားမိတာ
ဒါ.......
ခင်တွယ်ခြင်း.....လား
သံယောဇဉ် အငွေ့သက်တွေ ခိုဝင်လာလိုက်ပုံများ
ကိုယ် ကိုယ်တိုင်တောင် မသိလိုက်ရဘူး။
အမေပေးတဲ့ ခွန်အား
အမေပြောတဲ့ စကား
အမေ သွန်သင်တဲ့ နည်းလမ်းတွေနဲ့
ဘ၀ကို လျှောက်လှမ်းခဲ့တယ်
ဘယ်လိုမှ မုန်းလို့ မရဘူး
ဘယ်တော့မှ မေ့လို့ မရဘူး
ဒီလမ်း ဒီမြေ ဒီအနမ်း
ဟောဒီ အသည်းတစ်ခြမ်းနဲ့ အမြဲ လွမ်းတယ်
ငယ်ငယ်တုန်း(တက္ကသိုလ်တက်စဉ်)က အတိုင်းပါပဲ.....ကွယ်။
ရည်ညွှန်း။ ။ မန္တလေး (န.ပ.သ) ကျောင်းသားဟောင်းများရဲ့ ရင်တွင်းခံစားချက်ကို ခဏတာ ခိုဝင်ပြီး ကျွန်န်ုပ်နှလုံးသားကို တဒင်္ဂ ပေးဆပ်လိုက်ခြင်းပါ။
Thursday, 24 October 2013
အတိတ်မှ အထိတ် တစ်ည
“မိုး စနေ လေ ရာဟု” ဟုဆိုရိုးရှိသည်။မိုးရိပ်တိမ်တောင်များသည် များသောအားဖြင့် တောင်အရပ်ကလာ တတ်သည်။လေပြင်းများသည် ရာဟုထောင့်လာတတ်သည်။
 
ထိုအဆိုကို ပြင်၍ဆိုရသည့် မိတ်ဆွေတစ်ဦးရှိသည်။ မိုး စနေ လေ ကိုစိတ်ဟု အမည်ပေးခြင်းခံရသည့် ဦးစိတ္တရဖြစ်သည်။ မန်းမြို့၊ သာသနာ့ တက္ကသိုလ်၊ အဆောင်( ၂) တွင် အတူတူနေကြသည်။
 
မွန်းတည့်၊ သန်းခေါင်း၊ အမှောင်၊ အလင်း၊ လူရှင်း၊ လူရှုပ်မဟူ စကားထူ၏။

ထို့သို့ လေထော လေပေါသောကြောင့် လေ ကိုစိတ်ဟု ခေါ်ကြသည်။ 
မိမိ မှာ သူလောက် လေပေါစရာမရှိသော်လည်း ကျောင်းပိတ်ရက်နေ့များတွင် ကုသိုလ်တော်ဘုရားဝင်းသို့  
သွားပြီး စာကျက်ရင်း ပန်းကောက်ကာ ဘုရားတင်ပူဇော်ကြသည်။ 
 
တစ်နေ့သော် ၀ါဆိုမိုးဦးသည် ပြင်းပြင်းထန်ထန်ရွာသည်။ မိုး အစဲကိုစောင့်နေရင်းကျောင်းတံခါး ပိတ်ချိန် နီးလာသည်။
 
ဤသို့ဖြင့် မိုးရွာကြီးထဲ အဆောင်သို့ ပြန်ခဲ့ကြသည်။ အဆောင်ရောက်ခါနီး ဆွမ်းစားဆောင်ရှေ့ရှိ
တစ်နေ့သော် ၀ါဆိုမိုးဦးသည် ပြင်းပြင်းထန်ထန်ရွာသည်။ မိုး အစဲကိုစောင့်နေရင်းကျောင်းတံခါး ပိတ်ချိန် နီးလာသည်။
ဤသို့ဖြင့် မိုးရွာကြီးထဲ အဆောင်သို့ ပြန်ခဲ့ကြသည်။ အဆောင်ရောက်ခါနီး ဆွမ်းစားဆောင်ရှေ့ရှိ
 ရေတံလျောက်အောက်ဝင်ပြီး မှောင်နှင့်မည်းမည်း ရေချိုးလိုက်သေးသည်။ 
တိတ်တဆိတ်ဖြင့် ပျော်စရာကောင်းသည်။ 
 
အဆောင်ရောက်ချိန်တွင် မေးခိုက်ခိုက်တုန်နေပြီ။ ထိုညက မိုးအေးအေး ကွေးလို့ကောင်းကောင်းဖြင့် တစ်ရေးမျှပင် မနိုးခဲ့။
......................
..........................
နောက်နေ့မနက်စာသင်ခန်းတွင် သတင်းတစ်ခုထွက်နေသည်။ ကျောင်းထိုင်ဘုန်းကြီးကျောင်းနှင့်မျက်နှာ

ချင်းဆိုင်ကုသိုလ်တော်ဘုရားရှေ့ရှိ ရေကန်တွင် တက္ကသိုလ်က ဦးဇင်းများ ညမှောင်မှောင်ရေ ကူးကြောင်း သတင်း ဖြစ်သည်။ ထိုကိုယ်တော်များကို စစ်ဆေးလိမ့်မည်ဖြစ်ကြောင်းသတင်းထူးဖြစ်သည်။
 
မိုးစနေ လေ ကိုစိတ်စကားကို အကျယ်ကြီးမပြောနိုင်တော့။
 
"မောင်ဉေ ယျရေ ..၊ တို့ ဆွမ်းစားဆောင်ရေတံလျောက်ရေချိုးတာများ သူများမြင်သေးလား။
တော်ကြာသူများမြင်သွားလို့တို့ကိုပါ ရောပြီးစစ်နေရင် ခက်ကုန်လိမ့်မယ်."
 
ထိုအတော အတွင်း" လေ ကိုစိတ်" တိတ်ဆိတ်လွန်းနေသည်။
မိမိမှာမူ ရင်တထိတ်ထိတ်ဖြင့်..။

မခရေ
“အရင်က အဲဒီနေရာမှာ မန်ကျည်းပင်တစ်ပင်ရှိတယ် ကိုရင်တို့ရဲ့၊  နောက်တော့ ဘုန်းကြီးရဲ့ ရဟန်း ဒကာက
 ကျောင်းလေးဆောက်လိုက်တော့ မလွတ်လို့ ခုတ်လိုက်ရ ပါတယ်”
 
အိပ်မပျော်သော လပြည့်ညမျိုးများတွင် ကပ္ပိယကြီးကို ပုံပြောခိုင်းကြသည်။
အိပ်မပျော်သော လပြည့်ညမျိုးများတွင် ကပ္ပိယကြီးကို ပုံပြောခိုင်းကြသည်။
ကပ္ပိယကြီးပြောနေစဉ် ကျောင်းလေးခြေရင်းကိုကြည့်မိသည်။
လရောင်သည်ဖွေးနေ၏။ လေတိုက်တိုင်း ယိမ်းနွဲ့နေသော ခရေရွက်တို့သည် တီးတိုးစကားဆိုနေသလိုလို..။
 
“နောက်တော့ အဲဒီ မန်ကျည်းပင်က ဥစ္စာစောင့်မက ဘုန်းကြီးကို အိမ်မက်ပေးတယ်တဲ့။
မန်ကျည်းပင်ခုတ်လိုက် လို့ သူ့မှာ နေစရာပျောက်နေပါတယ်လို့ပေါ့..”
မှောင်နှင်းမည်းမည်း ကပ္ပိယကြီးစကားကိုနားထောင်ပြီး ကြောထဲ စိမ့်ကနဲ့..။
 
“ဒါနဲ့ ဘုန်းကြီးက သူ့နေရာ အတွက်ဆိုပြီး ခရေပင်လေးစိုက်ပေးလိုက်တယ်။
နောက်နေ့ကျတော့ ဘုန်းကြီးကို အိမ်မက်ပေးပြန်တယ်။ သူနေစရာရပါပြီတဲ့။
နေစရာလုပ်ပေးတဲ့ဘုန်းကြီးကိုလည်း ကျေးဇူးတင်ကြောင်းလျောက်ထားကာ ဦးချပြန်သွားပါတယ်တဲ့။
 
အဲဒါနဲ့ အဲဒီခရေပင်က ဥစ္စာစောင့်မကို မခရေလို့ နာမည်ပေးလိုက်တယ်ပေါ့ ကိုရင်တို့ရာ..”
 
ကပ္ပိယကြီးသည် စိတ်မရှည်ဟန်ဖြင့် ဇာတ်လမ်းကို အကျဉ်းချုပ်သည်။ ဇရပ်အိုကြီးအပြင်ဘက်တွင် လေတို့ တရွှီးရွှီးတိုက်ခတ်နေသည်။
 
ကျောင်းထောင့်နားက ခရေပင်ကို ကြည့်မိတော့ လရောင်အဖွေးသားတွင် ယိမ်းကနေသည်။
 
လေယူရာယိမ်းလိုက်တိုင်း အကိုင်းအခက်များသည် တစ်စုံတစ်ယောက်အလားထင်စရာရှိသည်။
 
မခရေလေလား တွေးမိသည်။ ကိုရင်များသည် ခြေဆုံးခေါင်းဆုံး လုံအောင်ထွေးပြီးကွေးကြတော့သည်။
…………………………………
 
ကိုရင်ဘ၀ငယ်စဉ် ရွာဦးကျောင်း ဆရာတော်၏ အကိုကြီးဖြစ်သော ကပ္ပိယကြီးပြောပြသည့် “မခရေ” ဇာတ်လမ်း သည် နှစ်ပေါင်းနှစ်ဆယ်နီးနီးရှိသည့်တိုင်း ရင်တွင်ယိမ်းထိုးလှုပ်ခါဆဲရှိသည်။
 
ဇာတိရပ်ရွာပြန်ရောက်တိုင်း ညရေးညတာ အရေးကိစ္စရှိ၍ မပြင်ထွက်ရ ပါလျင် ကျောင်းထောင့် ခရေပင်ကို ရဲရဲမကြည့်ဖူးပါ။ မကြည့်ပဲလည်း မနေနိုင်ပါ။ ကြည့်မိပြန်လျင်လည်း..လရောင်ဖွေးနေမည်။
 
လေတိုက်တိုင်း ယိမ်းနွဲ့နေတတ်သည်။
အခက်အလက် အရွက်များ အကြားက ရိုးတိုးရိပ်တိပ်များ သည်တောင်ပြေးမြောက်ချီရှိတတ်သည်။
 
ထိုမြင်ကွင်းကို မြင်ရသည့် မိမိကိုယ်တိုင်မူ စကားသံ တိုးတိုးကြားမိ သလိုလိုရှိတတ်သည်။
 
တိုးတိုးလေး ရွတ်ဆိုမိသည်။
 
“မခရေ ထင်တယ်..”
 
ထိုအခါမျိုးတွင် ကျောင်းပေါ်သို့ လှမ်းတက်သော ခြေလှမ်းတို့ သွက်လက်နေတတ်သည်။

Subscribe to:
Comments (Atom)